Python 3 ဖြင့် Programming ကို လေ့လာခြင်း – မိတ်ဆက်

လက်ရှိအချိန်မှာ Python ဟာ သင်လို့အလွယ်ဆုံးနဲ့ လက်တွေ့အသုံးအကျဆုံး programming language ြဖစ်ပါတယ်။ တခြား programming language ေတွဟာ သူ့နေရာနဲ့သူ အားသာချက်တွေ ကိုယ်စီရှိကြတယ်ဆိုပေမယ့် Python ကတော့ အထွေထွေနေရာ ပေါင်းစုံမှာ အသုံးပြုနိုင်တဲ့ programming language ြဖစ်တာမို့၊ သင်ရလည်းလွယ်၊ အသုံးပြုရလည်း လွယ်တဲ့ programming language ြဖစ်လာပါတယ်။ Continue reading

Advertisements

ကျွန်တော်နဲ့ ကျွန်တော့် Blog လေး အကြောင်း

me-and-my-blog

လွန်ခဲ့တဲ့နှစ်တွေ အကြာကြီးကတည်းက ဒီ Blog လိုမျိုး Blog တစ်ခု ရေးမယ်လို့ စိတ်ကူးထားခဲ့တာ ကြာပါပြီ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် Blog တစ်ခုလုပ်လိုက်၊ ရေးရမှာ ပျင်းသွားလိုက်နဲ့မို့ မရေးဖြစ်တာပါ။

အခုတော့လည်း အခြေအနေအချိန်အခါပေးတယ်လို့ ထင်လာတာနဲ့ စရေးမယ်ဆိုပြီး ရေးဖြစ်ပါတယ်။ ရေးချင်တာတွေ၊ ပြောချင်တာတွေတော့ အများကြီးရယ်ပါ။ ဒါပေမယ့် များသောအားဖြင့်တော့ ကိုယ်ရေးထားတဲ့ စာလေးတွေ တင်ဖြစ်မလားပဲ။ စောင့်ကြည့်ရဦးမှာပါပဲ။ ဘယ်လောက်ကြာကြာ ဆက်ရေးဖြစ်ဦးမှာလဲဆိုတာကို။

ဘာပဲဖြစ်ဖြစ် အခုလိုစပြီး လုပ်ဖြစ်သွားတာကိုပဲ ဝမ်းသာရမှာပါပဲ။

ဆုံကြပါဦးစို့နော်။

Sign.png

ေမာင် G

(၂၈.၁.၂၀၁၇)